Brand New Showroom ၁၄ ခု ကို ကားအစီး ၄၃၀၀ ကျော် လိုင်စင်ခွင့်ပြုပေးထားကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။
၂၀၁၄ ခုနှစ်၊ဇန်န၀ါရီလမှစ ၍ Brand New Showroom များကို ကားသစ်များတင်သွင်းရောင်းချရန် လိုင်စင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်အထိ ကားအစီး ၄၃၉၂ စီးကို လိုင်စင်ခွင့် ပြုပေးခဲ့ကြောင်းသိရသည်။
Brand New Car များကို လိုင်စင်ခွင့်ပြုပေးခဲ့ရာတွင် Capital Automotive လက်အောက်ရှိ Ford Showroom နှင့် Jaguar Showroom အတွက် ၉၆၈ စီး၊ Automotive Alliance လက်အောက်ရှိ Mercedes၊ Mazda Fuso Showroom များအတွက် ၁၀၈၄ စီး၊ Nissan ကားများကို တင်သွင်းရောင်းချနေသော United Diamond Motor မှ ၃၈၃ စီး၊KIA ကားများကိုတင် သွင်းရောင်းချနေသော SSS မှ ၄၁၃ စီး၊ Solor Motor မှ ၂၄ စီး၊ Toyota ကားများကို တင်သွင်း ရောင်းချနေသော Aye & Sons မှ ၄၀၃ စီး၊ Scania ကားများကို တင်သွင်းရောင်းချနေသော Octagon မှ ၁၀၉ စီး၊ Chevolet ကားများကို တင်သွင်းရောင်းချနေ AA Motor မှ ၄၃၂ စီး၊ BMW ကားများကို တင်သွင်းရောင်း ချနေသော Prestige Automobile မှ ၃၅ စီး၊ BIAC ကားများကို တင်သွင်းရောင်းချနေ သော Aung Gabar မှ ၂၄၁ စီး၊ Toyota ကားများကိုတင်သွင်း ရောင်းချနေသော Oriental Apex မှ အစီး ၃၀၀ လိုင်စင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထိုသို့ Showroom ၁၄ ခု အတွက် ၄၃၉၂ စီး လိုင်စင်ခွင့်ပြု ပေးခဲ့ရာ ၃၅၇၄ စီး ရောက်ရှိပြီး ၂၇၁၃ စီး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
Credit : Automobile Journal
No comments:
Post a Comment